အောင်မြင်သူများအသုံးပြုသည့် နာမည်မှတ်သားနည်း


နာမည်တွေမှတ်မိဖို့ သိပ်ခက်ခဲနေပါသလား။ နာမည်တွေကို ထပ်ခါသလဲလဲပြန်မေးနေရတာ တကယ်တော့ ရှက်ဖို့ကောင်းပါတယ်။ တဖက်လူက ကိုယ့်နာမည်မှတ်မိပြီး ကိုယ်က သူ့နာမည်မေ့နေတယ်ဆိုရင် ပိုဆိုးတာပေါ့။
တကယ်တမ်းတော့ကိုယ်နဲ့ စတင်မိတ်ဆက်ပြီး သိကျွှမ်းလာတဲ့ သူတွေရဲ့ နာမည်မှတ်မိဖို့ သိပ်မခက်ပါဘူး။ ကျွှန်တော် လွန်ခဲ့တဲ့ ငါးနှစ်အတွင်း အောင်မြင်တဲ့သူတွေရဲ့ နာမည်မှတ်တဲ့ အလေ့အကျင့်တွေကို လေ့လာချိန်က သူတို့လဲ ကျွှန်တော်တို့လိုပဲ နာမည်မေ့တတ်ပါလား ဆိုသည်ကို သိလာရပါတယ်။
ဒါပေမဲ့ သူတို့ ကျွှန်တော်တို့နဲ့ မတူတာက သူတို့ဟာ နာမည်မှတ်မိဖို့အတွက် ရိုးစင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေ အသုံးပြုခြင်းဖြစ်တယ်။ ဒီ နည်းလမ်းတွေဟာ ဘယ်လောက်ပဲ မှတ်ဖို့ခက်ခဲတဲ့ နာမည်ဖြစ်စေ၊ အရမ်းကြာမှတစ်ခေါက်ပြန်တွေ့နေရတာဖြစ်ဖြစ် တစ်ဖက်လူရဲ့ နာမည်တွေကို မှတ်မိနေစေပါတယ်။
ဒီနည်းလမ်းတွေဟာ အောင်မြင်တဲ့သူတွေကို သူဟာတခြားသာမန်သူတွေထက်ပိုပြီး ဥာဏ်ကောင်းတယ်ဟု ထင်မြင်စေသော်လည်း တကယ်တမ်းတော့ အလွန်ရိုးစင်းပြီး၊ ထူးထူးခြားခြား မှတ်ဥာဏ်ကောင်းဖို့မလိုအပ်ပါဘူး။

သူတို့ အသုံးပြုတဲ့ နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
နည်းလမ်း ၁။ နာမည်များ ရေးချခြင်း
ဟုတ်ပါတယ်။ နာမည်တွေကို တစ်ဖက်လူနှင့် မိတ်ဆက်အပြီး အခွင့်အရေးရသည်နှင့် မှတ်သားရေးချ ထားခြင်းဖြစ်တယ်။ ကျွှန်တော့်မှာ ဘောပင်နဲ့ စာအုပ်အသေးလေးတစ်ရွက်ကို ဒီရည်ရွယ်ချက်ကြောင့် အမြဲဆောင်ထားတတ်ပါတယ်။ များသောအားဖြင့် လူအများစုဟာ နာမည်အသစ်တွေကို စက္ကန့် ၂၀ ကနေ ၃၀ ကြားသာမှတ်မိနိုင်စွမ်းရှိပြီး၊ အဲ့ထက်ပိုပြီး မှတ်မိနိုင်ဖို့ ကျွှန်တော်တို့ရဲ့ ဦးဏှောက်က မစွမ်းဆောင်နိုင်ပါဘူး။
နာမည်တွေကိုကြာကြာမှတ်မိနေစေဖို့ ကျွှန်တော်တို့ စိတ်ကနေ ပဲဖြစ်ဖြစ်၊ နှုတ်ကနေပဲဖြစ်ဖြစ် အကြိမ်ကြိမ် ရေရွတ်ပြီး အခွင့်အရေး ရတာနဲ့ တပြိုင်နက် ရေးချမှတ်သားထားသင့်ပါတယ်။
အမှတ်တကယ်လွယ်ကူတဲ့ နည်းလမ်းနောက်တစ်ခုက ကျွှန်တော်တို့ စကားပြောနေချိန်မှာ နာမည်များအား ထည့်သွင်းခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဥပမာ “တောမ် နောက်ဆုံးတစ်ခေါက် ကျွှန်တော်တို့တွေ့ကြတာ ဘယ်တုန်းက ပါလိမ့်” “အရင်တစ်ခေါက်တွေ့ပြီးနောက်ပိုင်း ဘာများထူးခြားသေးလဲ တောမ်” “ကလေးတွေ နေကောင်းကြရဲ့လား တောမ်”။ ဒီလို ၃ ခေါက်လောက်ထည့်သုံးလိုက်ရင် မှတ်မိဖို့ အင်မတန်လွယ်ကူသွားပါလိမ့်မယ်။
နည်းလမ်း ၂။ ဆက်စပ်ပြီး မှတ်သားခြင်း
ကျွှန်တော်တို့၏ ဦးဏှောက်တွေဟာ ရုပ်ပုံတေနဲ့ စဉ်းစားပြီး မှတ်ဥာဏ်တွေဟာ တစ်ခုနှင့် တစ်ခု ဆက်စပ်ပြီး ဖြစ်ပေါ် လာရတာပါ။ ဥပမာ နာမည်တွေကို အရင်ကဖြစ်ခဲ့ဖူးတဲ့အကြောင်းအရာတွေနဲ့ ယှဉ်တွဲပြီး မှတ်ထားရင်ပိုမှတ်မိဖို့ ပိုလွယ်ကူတယ်။ လူတစ်ယောက်၏ရုပ်ကို နာမည်ကျော်ကြားတဲ့သူတွေ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်စပ်ပြီးမှတ်ထားမယ်ဆိုရင် သူ့ရဲ့ နာမညနဲ့ ရုပ်ကို တွဲပြီးမှတ်မိဖို့ ပိုလွယ်မှာမုချပါပဲ။
အဓိက ကတော့ ကိုယ့် မှတ်စုစာအုပ်လေးမှာ ဒီလို ဆက်စပ်ပြီး အလေ့အထတစ်ခုလို ရေးမှတ်ထားမယ် ဆိုရင် ကိုယ်နဲ့တွေ့ဖူးတဲ့ သူတွေရဲ့ တွေကို မေ့ဖို့ အလွန်ခက်သွားပါလိမ့်မယ်။ တကယ်လို့ ဆက်စပ် မှတ်သားဖို့ မလွယ်ကူဘူးဆိုရင် သူ၏ ထူးခြားတဲ့ မျက်နှာသွင်ပြင်တစ်ခုခုကို ရေးမှတ်ထား နိုင်တယ်။ ဆိုကြပါစို့၊ “သူ့ခေါင်းက တော်တော်ကြီးပေမဲ့ မျက်လုံးက သေးတယ်” လို့ ရေးထားလိုက်ပါ။
နည်းလမ်း ၃။ အုပ်စုဖွဲ့လိုက်ပါ။
ဆက်သွယ်ရမဲ့ နာမည်နှင့် လိပ်စာတွေကို သီးခြားစီခွဲပြီး အုပ်စုခွဲလိုက်ရင် မှတ်မိဖို့ ပိုလွယ်ကူလိမ့်မယ်။ “ကျွှန်တော် Microsoft Outlook သုံးပါတယ်။ အဲ့ဒါက ကျွှန်တော့်ဖုန်းနဲ့ချိတ်ထားတယ်လေ။ ကျွှန်တော့် အသိမိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေကို အုပ်စုခွဲလိုက်တာ ၂၀ လောက်ရှိတယ်” လို့ စာရေးသူက ဆိုပါတယ်။
သင့်မှတ်စုစာအုပ်လေးတွင် နာမည်ရေးမှတ်ထားပါက ဘယ်အုပ်စုမှာ ထည့်ထားမလဲဆိုတာကိုပါ တခါတည်း မှတ်ထားလိုက်ရင် မှတ်မိဖို့ ပိုလွယ်ကူမှာဖြစ်တယ်။ ဥပမာ တကယ်လို့ သင် အားကစားလုပ်တယ်ဆိုပါစို့။ ဘော်လုံးကန်ကစားတာပဲဖြစ်ဖြစ်၊ တင်းနစ် ကစားတာဖြစ်ဖြစ်၊ အဲ့လိုနေရာ တွေ့တဲ့သူကို ဘော်လုံးအဖွဲ့၊ တင်းနစ်အဖွဲ့ဆိုပြီး အုပ်စုခွဲပြီး မှတ်ထားလိုက်ရင် နောက်တခါပြန်ဆုံရင် မှတ်မိဖို့ပိုလွယ်မှာပါ။
အိမ်ရောက်တာနဲ့ တပြိုင်နက် သင့် မှတ်စုစာအုပ်မှာ ရေးထားတဲ့ နာမညနဲ့ လိပ်စာတွေကို သင့်လိပ်စာ စုထားတဲ့ database မှာ တခါတည်း ထည့်ရေး၊ မှတ်ထားလိုက်ပါ။ ဒီလို လိပ်စာရေးမှတ်ထားတဲ့ database ကို သင်သွားနေရာ ယူသွားနိုင်မည်ဆိုပါက ပိုကောင်းပါတယ်။
နည်းလမ်း ၄။ တွေ့ဆုံပွဲများအတွက် ပြင်ဆင်ခြင်း
တွေ့ဆုံပွဲများသို့ မသွားခင် သင့်လိပ်စာမှတ်ထားတဲ့ database ကိုသွားပြီး သင်သွားမည့် တွေ့ဆုံပွဲနှင့် ကိုက်ညီသည့် အုပ်စုကို ရွေးချယ်ပါ။ အချိန်အနည်းငယ်ပေးပြီး ထိုအုပ်စုမှ နာမည်များကို လေ့လာပါ။ ဒီလို မှတ်သားလိုက်တာဟာ အချိန်အနည်းငယ်ပေးရပေမဲ့ နာမည်အားလုံးလိုလိုကို မှတ်မိနေစေမှာ ဖြစ်တဲ့အတွက် သင့်ကို လူတွေအထင်ကြီး ကြလိမ့်မှာ အမှန်ပါပဲ။
နာမည်တွေကို အုပ်စုဖွဲ့မှတ်သားခြင်းဟာ အင်မတန်အကျိုးရှိပြီး လူအများက သင်၏မှတ်ဥာဏ် ကောင်းမှုကို တအံ့တသြ ဖြစ်စေမဲ့အပြင် ခဏတာ တွေ့ဆုံတဲ့ သူငယ်ချင်းအဖြစ် ကနေ တစ်ဘဝသာ ရင်းနှီးစွာခင်မင်ကြတဲ့ မိတ်ကောင်းဆွေကောင်း အဖြစ်ကို တွန်းပို့ပေးနိုင်ပါတယ်။
သင့်အနေနဲ့ တစ်ဖက်လူ၏နာမည်ကို မှတ်မိနေတယ်ဆိုရင် အဲ့လူကို သင် အချက် ၂ ချက် ပြောပြလိုက်တာနဲ့ တူပါတယ်။
ပထမအချက်က သင်ဟာ တစ်ဖက်လူကို အလွန်အရေးကြီးသည်ဟု ခံယူထားသဖြင့် သူတို့ရဲ့ နာမည်တွေကို တောင်မှတ်ထားတယ်။
ဒုတိယအချက်က သင်ဟာ အလွန်ဥာဏ်ကောင်းသူဖြစ်ပြီး တစ်ဖက်လူမှ သင့်အကြောင်း ပိုသိချင်လာစေမယ်။
တစ်ဖက်လူရဲ့ နာမည်ကို သင်မှတ်ထားနိုင်ရင် သူက သင့်ကို ပိုမိုခင်မင်လာမှာဖြစ်တဲ့အပြင် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးကို အလွယ်တကူတည်ဆောက်နိုင်ဖို့ တွန်းအားဖြစ်စေမှာအမှန်ပါပဲ။ ပေါင်းသင်းဆက်ဆံရေးဟာ ချမ်းသာ ကြွယ်ဝမှုရဲ့ အဓိကအခြေခံလက်နက်ဖြစ်တဲ့ အတွက် သာမန်ဆက်ဆံရေးကနေ ပိုမိုခိုင်မာတဲ့ ရင်းနှီးမှုကိုအလွယ်တကူ ပြောင်းလဲ ပစ်နိုင်တာဟာ ချမ်းသာကြွယ်ဝမှုရဲ့ နိဒါန်းပါပဲ။

စာရေးသူ Thomas Corley ၏ Here’s a Simple Strategy That Successful People Use To Remember Names ကို ကျော်စွာ ဘာသာပြန်ဆိုသည်။






 


မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>




စာအုပ်လေးများ ဖတ်ရူရတာ အဆင်ပြေတယ်ဆိုရင် အောက်ကကြော်ငြာလေး ကလစ်ခဲ့ပေးပါနော်

Comments

Popular posts from this blog

တကယ်ချမ်းသာချင်ရင် မင်းဘဝကိုပြောင်းလဲပစ်ရလိမ့်မယ်။ ပြောင်းလဲနိုင်မလား?